ဈေးကွက်ဈေးနှုန်း

Trade Facilitation For Export/Importဆွေးနွေးပွဲကျင်းပ

Last Updated:

Trade Facilitation For Export/Importဆွေးနွေးပွဲကျင်းပ

အမျိုးသားပို့ကုန်မဟာဗျူဟာ(NES)ရှိ အထောက်အကူပြုကဏ္ဍတစ်ရပ်ဖြစ်သည့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပို့ကုန်လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း ရှင်များအကြား ခေတ်သစ်ကုန်သွယ်မှုစနစ်များနှင့်အညီ လိုက်လျောညီထွေးဆောင်ရွက်နိုင်ရေးတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို သိရှိနိုင်ရန်နှင့် အခက်အခဲများကိုတင်ပြနိုင်ရန် ရည်ရွယ်ချက်ဖြင့်“Trade Facilitation For Export/ Import”ဆွေးနွေးပွဲ ကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပူးပေါင်းပြီး ၂၀၁၉ခုနှစ်၊ ဇွန်လ၊ ၂၄-၂၅ ရက်နေ့များတွင်ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးအောင်စိုးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ဥက္ကဌ ဦးဇော်မင်းဝင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကုန်သွယ်မှုလျှင်မြန် ချောမွေ့စေရေးအတွက် ပို့ဆောင်ရေး(ကုန်းလမ်း၊ရေလမ်း၊ဆိမ်ကမ်း၊ရေကြောင်း၊ရထား) ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်ရေး ဆိုင်ရာမူဝါဒနှင့်ဖြေလျော့မှုများ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး၊ အကောက်ခွန်၊ ဗဟိုဘဏ်ဆိုင်ရာဆောင်ရွက် ထားရှိမှုများ နှင့်ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲ တက်ရောက်လာသော အသင်းအဖွဲ့များမှ တာဝန်ရှိသူများ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များမှ သိရှိလိုသည်များနှင့် ၎င်းတို့ကြုံတွေ့ နေရသည့် အခက်အခဲများကို တင်ပြရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန အကောက်ခွန်ဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ အရာထမ်းများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၁၅၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။

(NES – Unit)